ALP Q&A

01
Customer Services နှင့်ဘယ်လိုဆက်သွယ်ရမလဲ?

1-ArLuPost ၏ facebook page မှဆက်သွယ်နိုင်သည်။(facebook.com/ALPexpress)
2-Hot Line နှင့်ဆက်သွယ်နိုင်သည်။
For Myanmar : 09969808008
For Guyong : 18849821286
For JieGao : 18387504894

02
တရုတ်ပြည်မှမြန်မာပြည်သို့ဘယ်လိုပို့ဆောင်ရမလဲ?

ArLuPost ၏ Facebook page(သို့) Hot Line Customer Services နှင့်ဆက်သွယ်ပြီး,မြန်မာပြည်တွင်းလက်ခံသူ၏အမည်၊ ဖုန်း၊ လိပ်စာကိုပေးပြီး Customer ID ရယူပါ။ Taobao မှဝယ်ယူရာတွင် အောက်ပုံအတိုင်းဖြည့်စွက်ပေးပါ။

03
Online Shopping Service ဘယ်လိုကောက်လဲ? Service Charge တွင်တန်ဆာခပါ၀င်ပြီးသားလား?Online Shopမှ၀ယ်ပေးသောပစ္စည်းမှာအာမခံကြေးပါသလား?

Online Shopping Service ကိုပစ္စည်းတန်ကြေး၏ 5% ကောက်ယူပါသည်။ Service Charge 5%ကောက်ယူပြီး ပို့ဆောင်စဥ်တွင်ပစ္စည်းပျက်စီးဆုံးရှူံးခဲ့ပါက 100%တာဝန်ယူဖြေရှင်းပေးသည်။ တန်ဆာခကို ပစ္စည်းအလေးချိန် (သို့)အရွယ်အစားပေါ်မူတည်ပြီး သီးခြားကောက်ယူပါသည်။
တန်ဆာခကို Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။
04
တရုတ်ပြည်မှပစ္စည်း၀ယ်ထားပြီး လိပ်စာကတစ်နေရာထဲပို့ပေးရမည် ပစ္စည်းစုံမှအားလုံးစုပြီးပို့ပေးပါသလား?

ကိုယ်စားလက်ခံပေးရသောပစ္စည်းများ၍ ပစ္စည်းများပြားသဖြင့် လူကြီးမင်း၏ပစ္စည်းအားရှာဖွေခွဲထုတ်ရန်မလွယ်သောကြောင့် ပစ္စည်းများစုပြီးပို့ပေးသော ၀န်ဆောင်မှုမရနိုင်ပါ။
05
Express, Logistic အားလုံးအိမ်တိုင်ရာရောက်ပို့ပေးပါသလား?

Express, Logistic အားလုံး လက်ခံသူလိပ်စာ၏မြေညီထပ်ထိ ပို့ဆောင်ပေးပါသည်။
06
ArLuPost ရုံးခွဲမရှိသောမြို့သို့ဘယ်လိုပို့ရမလဲ?

ArLuPost ရုံးခွဲမရှိသောမြို့ကိုကားဂိတ်မှတဆင့်ပို့ဆောင်ပေးသည်။
07
တရုတ်ပြည်မှမြန်မာပြည်သို့ ပစ္စည်းတန်ဖိုး 500RMB ကျော်သောပစ္စည်းကိုဘယ်လိုပို့ရမလဲ?

ပစ္စည်းတန်ဖိုး 500RMB ကျော်သောပစ္စည်းကို အခွန်ဆောင်ခြင်း(သို့) အာမခံဝယ်ခြင်းဖြင့်သာပို့ဆောင်ရန်၊ အာမခံဝယ်ထားသောပစ္စည်းကို ပို့ဆောင်စဥ်တွင်တစ်စုံတစ်ရာဖြစ်ခဲ့လျှင် 100%တာဝန်ယူသည်၊ အာမခံကြေးမှာ ပစ္စည်းတန်ဖိုး၏ 2%။
08
တရုတ်ပြည်မှ KG 700လေးတဲ့စက်ပစ္စည်း၀ယ်ထားတယ် ပို့လို့ရလား?

ArLuPost သည်အမြန်သယ်ယူပို့ဆောင်ရေးအပြင် Logistic ၀န်ဆောင်မှုများလည်းပေးပါသည်။
09
မြန်မာမှတရုတ်ပြည်သို့ပို့လို့ရလား?

လူကြီးမင်း၏ပစ္စည်းကို ကျယ်ဂေါက်ထိပို့ဆောင်ပေးပြီး တရုတ်ပြည်အမြန်ချောပို့ဖြင့်တဆင့် ပြောင်းပို့ပေးပါသည်။
10
တန်ဆာခဘယ်လိုယူလဲ?

တန်ဆာခကို Facebook Page တွင်ဝင်ရောက်ကြည့်ရှူနိုင်သည်။
11
တရုတ်မှမြန်မာပြည်ပို့ခဘယ်လိုရှင်းပေးရမလဲ?အရင်ရှင်းလို့ရလား?

တရုတ်မှမြန်မာပြည်သို့ တဆင့်လက်ခံပို့ဆောင်သောပစ္စည်းများ၏ပို့ခကို လက်ခံသူသာရှင်းရမည်။
12
ပစ္စည်းအခြေအနေဘယ်လိုစစ်ရမလဲ?

www.arlupost.com တွင် tracking No. (သို့) Phone No. ဖြင့်စစ်ဆေးနိုင်သည်။

13
တရုတ်ပြည်တွင်းမှ ပစ္စည်းလက်ခံရရှိကြောင်းပြပြီး ဘာကြောင့် ArLuPost system တွင်စစ်လို့မရတာလည်း?

ကျယ်ဂေါင်ရုံးမှ နေ့စဥ်လက်ခံပေးသောပစ္စည်းများသောကြောင့် System တွင်သွင်းရန် အချိန်လိုအပ်ပါသည်။ တစ်ခါတစ်ရံ တရုတ်ပြည် Website တွင်လက်ခံရရှိကြောင်းပြသော်လည်း ပစ္စည်းကိုနောက်တစ်ရက်မှလာပို့ပေးတာမျိုးလည်းရှိပါသည်။ထို့ကြောင့် တရုတ်ပြည်တွင်း ပစ္စည်းလက်ခံရရှိပြီးသောဘောင်ချာကို 24 နာရီနောက်ပိုင်းမှ ArLuPost Website တွင်စစ်ရန်အကြံပြုပါသည်။
14
အရေးကြီးစာရွက်စာတမ်း (သို့) တန်ဖိုးကြီးပစ္စည်းပို့လို့ရလား?

အရေးကြီးစာရွက်စာတမ်း(သို့) တန်ဖိုးကြီးပစ္စည်းပို့ဆောင်ရာတွင် ArLuPostကိုကြိုတင်အတိပေးပြီး အထူးစာရွက်စာတမ်း (သို့) အာမခံကြေးဝယ်ယူပြီးမှပို့ဆောင်ရမည်။ အာမခံကြေးမှာ ပစ္စည်းတန်ဖိုး၏ 2%။
15
ပစ္စည်းပျောက်ဆုံး(သို့) ပျက်စီးခဲ့ပါကတာဝန်ဘယ်လိုယူပေးလဲ?

ပို့ဆောင်စဥ် ပစ္စည်းပျောက်ဆုံး(သို့) ပျက်ဆီးခဲ့ပါက တန်ဆာခ၏ ၁၀ဆထိလျှော်ပေးသည်။ လူကြီးမင်းမှ အာမခံကြေးဝယ်ယူပြီးပို့ဆောင်လျှင် ဝယ်ယူထားသည့်တန်ဖိုးအတိုင်းပေးလျော်သည်။



