ရွှေတိဂုံ စေတီတော်၏ အံ့ဖွယ် (၉)ပါး
瑞德贡大金塔之九尊奇佛

အံ့ဖွယ် (၁) - ပတ္တမြားမျက်ရှင် ဘုရား
ရွှေတိဂုံစေတီတော် အထက်ပစ္စယံတွင် အံ့ဖွယ် (၁) ဖြစ်သော ပတ္တမြားမျက်ရှင် ဘုရား ရှိပါသည်။ ပတ္တမြားမျက်ရှင် ဘုရားကို ရှေးခေတ်က မင်းညီမင်းသားများ စစ်ထွက်ခါနီးတိုင်း စစ်နိုင်ဖို့အရေး ဆုတောင်းလေ့ရှိပြီး ဆုတောင်း ပြည့်သည်ဟု ဆိုသည်။ အထက်ပစ္စယံကို အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး တက်ရောက်ခွင့်ရရန် မှတ်ပုံတင်၊ ရဝတ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ များကို ယူလာပြီး ဂေါပကကို လျှောက်ရပါသည်။ အထက်ပစ္စယံကို ဗုဒ္ဓဟူးထောင့် မှနေ၍ တက်ရောက်နိုင်ပါသည်။ အထက်ပစ္စယံသည် အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန့်တစ်ဝကြီး ရှူနိုင်၍ ရင်ပြင်တော်ပေါ်ကို အပေါ်စီးမှ မြင်တွေ့နိုင်ပါသည်။ အထက်ပစ္စယံပေါ် တက်ပြီး ဖူးမျှော်ခွင့်မရရှိသည့် သူများအတွက် ရွှေတိဂုံဘုရား မုခ်တိုင်းတွင် Flat screen TV ကြီးနှင့် ပတ္တမြားမျက်ရှင်ဘုရားကို ပြသထားပါသည်။
一、红宝石活眼佛(注1)
瑞德贡大金塔底层(注2)的上部分供奉着一尊红宝石活眼佛像。据称,古代皇家出征前都会前来拜佛祈求胜利,且每求必应。只有男子才能登上这里,且必须凭借身份证、小区治安建设委员会(注3)和公安局的批准函向佛塔管理部门进行申请。申请通过后,可由星期三角(注4)登上去。站在此处,可以感受到凉风拂面,视野开阔,整个广场尽收眼底。其他游客可通过大屏幕瞻仰红宝石活眼佛像。

