
China-Myanmar Economic Cooperation and Development Promotion Association ၏ Vice President Mr. Li Fuquan နှင့် အဖွဲ့သည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်အား ဧပြီလ(၂၇)ရက်နေ့ နံနက်(၁၀)နာရီခန့်က လာရောက်တွေ့ဆုံကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။


ထို့သို့တွေ့ဆုံရာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီချွန်ပြည်နယ် ချုံကျင်းမြို့ Chongqing Bonded Commodity Exhibition and Trading Center တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံဆိုင်ရာပြခန်း ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် လိုအပ်သောအဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများ လှူဒါန်းပေးလိုသည့် အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြသုခ

· 广告也是一种资讯 ·

免责声明:本公众号基于分享的目的转载,转载文章的版权归原作者或公众号所有,如有涉及侵权请及时告知,我们将予以核实并删除。
▌本文来源:မြသုခ PaukPhaw

