Pixel ဆိုသည်မှာ ဖုန်းမျက်နှာပြင်ပေါ်ရှိ လေးထောင့်ကွက် (သို့မဟုတ်) အစက်အရေ အတွက်ကိုဆိုလိုသည်။ ထို့ကြောင့် pixel အရေအတွက် များလေလေရုပ်ထွက်အရည် အသွေး (resolution) ကောင်းလေလေဖြစ်သည်။ ဓာတ်ပုံအရည်အသွေး ကောင်း၊မ ကောင်းကို ဘယ်ရွေ့၊ ဘယ်မျှအထိဆွဲချဲ့နိုင်သနည်းကို မူတည်စေမည်ဖြစ်သည်။ ဆိုလို သည်မှာ pixel အရေအတွက် ခပ်များများပါဝင်သောဖုန်း၏ဓာတ်ပုံသည် အကြိမ်အရေအ တွက်များစွာ ဆွဲချဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။ အရည်အသွေးမကောင်းသောဖုန်းအမျိုးအ စားသည်ဆွဲလေလေ၊ မှုန်ဝါးသွားလေလေဖြစ်လာမည်။ သို့သော် အရည်အသွေးကောင်း ဟုဆိုရမည့် pixel အရေအတွက်များများပါဝင်သောဖုန်းများသည် ဆွဲချဲ့မှုဘယ်နှစ်ကြိမ်အ ထိရုပ်ပုံမှကြည်လင်နေသနည်းဟု တိုင်းတာနိုင်မည်ဖြစ်သည်။
အချုပ်ဆိုသော် ကောင်းမွန်သောရုပ်ထွက်တစ်ခုသည် pixel အရေအတွက်အနည်းအများ နှင့်သွားဆိုင်မည်ဖြစ်သည်။ နောက်ထပ်အသစ်အနေဖြင့် ထွက်ရှိလာမည့် Kenbo Smart-phone သည် pixel အရေအတွက်ပေါင်း ၅၂သန်းအထိပါဝင်သောကြောင့် မည်ရွေ့မည်မျှ ပင်ဆွဲချဲ့ကြည့်ရှုနိုင်မည်ဆိုသည်မှာ စာဖတ်သူတို့ပင်တွေးတောရင်ခုန်ထားနိုင်မည်ဖြစ်ပေ တော့သည်။

